Thursday, January 23, 2020

မြန်မာနိုင်ငံကို အရေးပေါ် ကြားဖြတ်တားဆီးမိန့် ဆောင်ရွက်ဖို့ ICJ ဆုံးဖြတ်

                         မြန်မာနိုင်ငံကို အရေးပေါ် ကြားဖြတ်တားဆီးမိန့် ဆောင်ရွက်ဖို့ ICJ ဆုံးဖြတ်







ဂမ်ဘီယာနိုင်ငံရဲ့ တင်ပြချက်တွေက အကျိုးအကြောင်း ဆီလျော် ဆက်စပ်နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ အရေးပေါ်ကြားဖြတ်အစီအစဉ် လုပ်ဆောင်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဒီကနေ့ဇန်နဝါရီ (၂၃) မှာ ဆုံးဖြတ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ဒုက္ခသည်မွတ်ဆလင်တွေ ရဲ့ အခွင့်အရေးတွေနဲ့ သတ်ဖြတ်ခံရတာတွေဟာ ပြန်ပြင်လို့မရတော့တဲ့ ဆုံးရှုူံးမှုတွေဖြစ်ခဲ့ တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ကြားဖြတ်အစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ တရားရုံး က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ နောက်ထပ်အန္တရာယ်တွေ မကျရောက်လာနိုင်ဖို့ အရေးတကြီး လိုအပ်နေတာကြောင့်လည်း အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တရားရုံးက ပြောပါတယ်။
မြန်မာနိုင်ငံက တောင်းဆိုတဲ့ ဂမ်ဘီယာက စွဲထားတဲ့ အမှုကို ပယ်ချဖို့နဲ့ ကြားဖြတ်စီမံချက် ကို မထုတ်ဖို့ ဆိုတဲ့ အချက် (၂) ချက်လုံး ကိုတော့ တရားရုံးက ပယ်ချခဲ့ပါတယ်။
အခုလို ကြားဖြတ်အစီအမံ ချမှတ်လိုက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဂမ်ဘီယာကတောင်းဆို ခဲ့တဲ့ အချက် (၆) ချက် ကနေ (၄)ခု ကို ဆောင်ရွက်ပေးဖို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲ့ဒီအချက် (၄) ချက်အရ မြန်မာနိုင်ငံအနေနဲ့ Genocide Convention နဲ့ အညီ မွတ်ဆလင်ဒုက္ခသည်တွေ အတွက် အစီအမံတွေ ဆောင်ရွက်ပေးဖို့၊ တပ်မတော်၊ လက်နက်ကိုင်တပ်ဖွဲ့တွေ နဲ့ တစ်ခြားပုဂ္ဂိုလ်အဖွဲ့အစည်းတွေ အနေနဲ့ ဂျီနိုဆိုက်ဖြစ်‌စေနိုင်တာတွေကို မကျူးလွန်ဖို့၊ အထောက်အထားတွေ မဖျက်ဆီးဖို့၊ နောက်ပြီး ၄ လ တစ်ခါအစီရင်ခံဖို့ နဲ့ စီရင်ချက်အမိန့် မချခင်အထိ (၆)လ တစ်ခါ အစီရင်ခံဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတ
ယ်။

No comments:

Post a Comment